1 ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။-
2 ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
3 ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
4 တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။