ယေ​ဇ​ကျေ​လ 43:24-27 BCL

24 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​ထို​ယဇ်​ကောင်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် ရန်​ဆား​ပက်​၍​မီး​ရှို့​ကြ​လိမ့်​မည်။-

25 သင်​သည်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ်​နေ့​တိုင်း ဆိတ်​ထီး​တစ်​ကောင်၊ နွား​ထီး​တစ်​ကောင်​နှင့်​သိုး ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ဖြင့်​ပူ​ဇော်​ရ​မည်။ ထို​သတ္တ​ဝါ​အား​လုံး​တွင် အ​ပြစ်​အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ။-

26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ပြီး​နောက်​အ​သုံး ပြု​နိုင်​ရန်​အ​သင့်​ထား​ရှိ​ရ​ကြ​မည်။-

27 သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။