1 ဣသရေလအနွယ်အပေါင်းတို့အားမြေယာ ကိုခွဲဝေပေးပြီးနောက် ထာဝရဘုရားအဖို့ မြေတစ်ကွက်ကိုမြင့်မြတ်သန့်ရှင်းသောနယ် မြေအဖြစ်သီးသန့်ထားရမည်။ ယင်းသည် အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။ ထိုနယ်မြေတစ်ခုလုံးသည်မြင့်မြတ်သန့် ရှင်းလိမ့်မည်။-
2 ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။-
3 အလွန်သန့်ရှင်းမြင့်မြတ်သည့်ဌာနတည်း ဟူသောဗိမာန်တော်တည်ရှိမည်။-
4 ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
5 ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။