ယေ​ဇ​ကျေ​လ 45:22-25 BCL

22 ပွဲ​တော်​ပ​ထ​မ​နေ့​၌​နန်း​စံ​နေ​ဆဲ​မင်း​သား သည်​မိ​မိ​၏​အ​တွက်​နှင့်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-

23 သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-

24 ယဇ်​ပူ​ဇော်​သော​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​လျှင်​မုန့်​ညက်​တင်း​ဝက်၊ သံ​လွင်​ဆီ တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော်​ရ မည်။

25 ``သတ္တ​မ​လ၊ လ​ဆန်း​ဆယ့်​ငါး​ရက်​နေ့​၌​အ​စ ပြု​သော​သ​ကေ​နေ​ပွဲ​တော်​အ​တွက်​မင်း​သား သည်​ပွဲ​တော်​ရက်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မုန့်​ညက်​နှင့် သံ​လွင်​ဆီ​ပူ​ဇော်​သကာ​တို့​ကို​ယ​ခင်​က​နည်း အ​တိုင်း​ပူ​ဇော်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။