ယေ​ဇ​ကျေ​လ 46:1-6-7 BCL

1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-

2 နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-

3 ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-

4 ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-

5 သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။-

6-7 လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။-