ယေ​ဇ​ကျေ​လ 9:3-9 BCL

3 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကိုး ကွယ်​သော​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​သည် ကျိန်း​ဝပ်​တော်​မူ ရာ​ခေ​ရု​ဗိမ်​များ​မှ​လျှံ​တက်​လျက်​ဗိ​မာန် တော်​အဝင်​ဝ​သို့​ရွေ့​လျား​သွား​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​ပိတ်​ချော​ထည်​ကို​ဝတ် ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင် လာ​သူ​အား​ခေါ်​တော်​မူ​၍၊-

4 ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

5 ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။-

6 အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။

7 ဘု​ရား​သ​ခင်​က``ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​လော့။ တံ​တိုင်း​များ​ကို​လူ​သေ​ကောင် များ​ဖြင့်​ပြည့်​စေ​ကြ​လော့။ အ​လုပ်​စ​၍ လုပ်​ကြ​လော့။'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍ ထို​သူ​ခြောက်​ယောက်​တို့​သည်​မြို့​တွင်း​ရှိ လူ​တို့​ကို​စ​တင်​သတ်​ဖြတ်​ကြ​၏။

8 ယင်း​သို့​ထို​သူ​တို့​သတ်​ဖြတ်​နေ​ကြ​ချိန် ၌​ငါ​သည်​တစ်​ယောက်​တည်း​ကျန်​ခဲ့​၏။ ငါ သည်​မြေ​ပေါ်​သို့​လှဲ​ချ​ပျပ်​ဝပ်​ကာ``အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ကျန်​ရှိ​သ​မျှ​သော​လူ​တို့​ကို​သတ် ဖြတ်​စေ​သည့်​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​တော်​မူ​ပါ​သ​လော'' ဟု​ဟစ် အော်​လျှောက်​ထား​၏။

9 ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည် သူ​ပြည်​သား​တို့​၏​အ​ပြစ်​များ​သည်​အ​ကယ် ပင်​ကြီး​လေး​၏။ သူ​တို့​သည်​ပြည်​တွင်း​နေ​ရာ တ​ကာ​တွင်​လူ​သတ်​မှု​များ၊ ပြစ်​မှု​များ​ဖြင့် ပြည့်​နှက်​စေ​ကြ​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မြင်​တော်​မ​မူ' ဟု ဆို​ကြ​၏။-