9 ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။-
10 (ကုရှတွင်နိမ်ရောဒနာမည်ရှိသောသားတစ် ယောက်ရှိ၏။ သူသည်ကမ္ဘာပေါ်တွင်ပထမ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။-)
11 အီဂျစ်မှဆင်းသက်လာသူများမှာလုဒိန်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊-
12 ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
13 ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။-
14-16 ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
17 ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-