၁ ရာ​ချုပ် 11:4-10 BCL

4 ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-

5 ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-

6 ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-

7 ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

8 မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-

9 ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

10 အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။