၁ ရာ​ချုပ် 11:6-12 BCL

6 ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-

7 ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

8 မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-

9 ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

10 အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။

11 သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-

12 နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-