11 သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
12 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။
13 ထိုနောက်များမကြာမီဖိလိတ္တိအမျိုးသား တို့သည် ထိုချိုင့်ဝှမ်းသို့တစ်ဖန်ပြန်လာကြ လျက်စတင်လုယက်တိုက်ခိုက်ကြပြန်၏။-
14 ဒါဝိဒ်သည်လည်းနောက်တစ်ကြိမ်ဘုရားသခင် အားလျှောက်ထားစုံစမ်းပြန်၏။ ဘုရားသခင် က``သင်သည်ဤအရပ်မှနေ၍မတိုက်နှင့်။ အခြားတစ်ဖက်သို့လှည့်၍သွားပြီးလျှင် သစ်ဆီမွှေးပင်များအနီးမှနေ၍တိုက်လော့။-
15 ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
16 ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
17 ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။