3 ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ထပ်မံ၍ လက်ထပ်ထိမ်းမြားမှုများကိုပြုသဖြင့် သားသမီးများထပ်မံ၍ရရှိလေသည်။-
4 ယေရုရှလင်မြို့တွင်ရရှိသောသားတို့၏ နာမည်များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှော လမုန်၊-
5 ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊-
6 နောဂ၊ နေဖက်၊ ယာဖျာ၊
7 ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်ဟူ၍ ဖြစ်၏။
8 ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။-
9 ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်းသို့ ရောက်ရှိကြသောအခါ လူတို့အားစတင်တိုက် ခိုက်လုယက်ကြကုန်၏။-