၁ ရာ​ချုပ် 14:4-10 BCL

4 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊-

5 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊-

6 နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊

7 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။

8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။-

9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။-

10 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။