10 သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။
11 ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊-
12 သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
13 ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။
14 ထိုအခါယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ဣသရေလအမျိုးသား တို့ဘုရားသခင်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပြောင်းရွှေ့ပင့်ဆောင်နိုင် ရန် မိမိတို့ကိုယ်ကိုသန့်စင်ကြကုန်၏။-
15 လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
16 ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-