၁ ရာ​ချုပ် 15:26-29 BCL

26 ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-

27 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။-

28 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။

29 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​စဉ် ရှော​လု​မင်း​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​သော​အ​ခါ ဝမ်း မြောက်​စွာ​က​ခုန်​လျက်​နေ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လေ​သည်။ ထို​အ​ခါ​သူ​သည်​မင်း​ကြီး အား​ရွံ​ရှာ​စက်​ဆုပ်​စိတ်​ပေါ်​လာ​၏။