၁ ရာ​ချုပ် 15:8-14 BCL

8 ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊-

9 ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊-

10 သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။

11 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊-

12 သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-

13 ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။

14 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-