4 ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
5 ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။-
6 ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
7 ``သို့ဖြစ်၍ငါ၏အစေခံဒါဝိဒ်အား၊ အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည် ကား`ငါသည်သင့်အားသိုးတို့ကိုထိန်းကျောင်း ရာမှခေါ်ယူ၍ ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့၏ဘုရင်အဖြစ်ဖြင့်ချီး မြှောက်တော်မူခဲ့၏။-
8 သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
9-10 ငါသည်မိမိ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့နေထိုင်ရန်အရပ်ကိုရွေးချယ်၍ သူ တို့အားနေရာချထားပေးခဲ့၏။ သူတို့သည်နောင် အဘယ်အခါ၌မျှဖိစီးနှိပ်စက်မှုကိုခံရ ကြလိမ့်မည်မဟုတ်။ ဤပြည်သို့ဝင်ရောက်လာ ချိန်မှအစပြု၍အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကိုခံခဲ့ရသော်လည်း နောင်အဘယ် အခါ၌မျှခံရကြတော့မည်မဟုတ်။ ငါ သည်သင်၏ရန်သူအပေါင်းကိုနှိမ်နင်းမည်၊ သင်၏အမျိုးအနွယ်ကိုလည်းတည်မြဲစေ မည်ဟူ၍ကတိပြု၏။-
11 သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-