၁ ရာ​ချုပ် 18:13-17 BCL

13 သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​တပ်​စ​ခန်း များ​ချ​၍​ထား​သ​ဖြင့် ထို​အ​ရပ်​ရှိ​လူ​တို့​သည် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ​ကြ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား​အ​ရပ် တ​ကာ​တွင်​အောင်​ပွဲ​ကို​ပေး​တော်​မူ​သ​တည်း။

14 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​၍ မိ​မိ​၏​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​အ​ပေါ်​တွင်​အ​စဉ်​ပင်​တ​ရား မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​တော်​မူ​၏။-

15 ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။-

16 အ​ဟိ​တုပ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​၏ သား​အ​ဟိ​မ​လက်​သည်​ယဇ်​ပု​ရော​ဟိတ်​များ ဖြစ်​ကြ​၏။ စ​ရာ​ယ​ကား​နန်း​တော်​အ​တွင်း​ဝန် ဖြစ်​သ​တည်း။-

17 ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။