14 ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အစိုးရတော်မူ၍ မိမိ၏ပြည်သူပြည်သား အပေါင်းတို့အပေါ်တွင်အစဉ်ပင်တရား မျှတစွာစီရင်အုပ်ချုပ်တော်မူ၏။-
15 ဇေရုယာ၏ညီယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုဒ်၏သားယောရှဖတ် သည်မှတ်တမ်းထိမ်းမှူးဖြစ်၏။-
16 အဟိတုပ်၏သားဇာဒုတ်နှင့်အဗျာသာ၏ သားအဟိမလက်သည်ယဇ်ပုရောဟိတ်များ ဖြစ်ကြ၏။ စရာယကားနန်းတော်အတွင်းဝန် ဖြစ်သတည်း။-
17 ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။