၁ ရာ​ချုပ် 19:11-17 BCL

11 ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။-

12 ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-

13 စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။

14 ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။-

15 ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။

16 ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-

17 ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-