၁ ရာ​ချုပ် 19:3-9 BCL

3 အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-

5 သူ​တို့​သည်​အ​လွန်​ပင်​ရှက်​သ​ဖြင့်​မိ​မိ​တို့ တိုင်း​ပြည်​သို့​မ​ပြန်​ဘဲ​နေ​ကြ​၏။ ဤ​အ​ဖြစ် အ​ပျက်​ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ တို့​အား``သင်​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင်​နေ ကြ​လော့။ မုတ်​ဆိတ်​များ​ပြန်​၍​မ​ရှည်​မ​ချင်း မိ​မိ​တို့​ပြည်​သို့​မ​ပြန်​ခဲ့​ကြ​နှင့်'' ဟု အ​ကြောင်း​ကြား​တော်​မူ​၏။

6 ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။-

7 သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။

8 ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-

9 အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။