၁ ရာ​ချုပ် 2:15-16-22 BCL

15-16 သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-

17 သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။

18 ဟေ​ဇ​ရုံ​၏​သား​ကာ​လက်​သည် အ​ဇု​ဘ​နှင့်​အိမ် ထောင်​ပြု​၍​ယေ​ရုတ်​နာ​မည်​တွင်​သော​သ​မီး​တစ် ယောက်​ကို​ရ​၏။ ယေ​ရုတ်​တွင်​ယေ​ရှာ၊ ရှော​ဗပ်​နှင့် အာ​ဒုန်​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-

19 အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။-

20 ဟု​ရ​၏​သား​သည်​ဥ​ရိ၊ ဥ​ရိ​၏​သား​ကား​ဗေ​ဇ လေ​လ​တည်း။

21 ဟေ​ဇ​ရုံ​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​သော​အ​ခါ မာ​ခိ​ရ​၏​သ​မီး၊ ဂိ​လဒ်​၏​ညီ​မ​နှင့်​အိမ်​ထောင် ပြု​၍​စေ​ဂုပ်​နာ​မည်​တွင်​သော​သား​တစ်​ယောက် ကို​ရ​၏။-

22 စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။-