၁ ရာ​ချုပ် 2:22-29 BCL

22 စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။-

23 သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။-

24 ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။

25 ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။-

26-27 အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။-

28 သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။

29 အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။-