၁ ရာ​ချုပ် 2:29-35 BCL

29 အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။-

30 အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။-

31 အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။

32 ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။-

33 ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။

34 ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။-

35 သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။