33 ယောနသန်တွင်ပေလက်နှင့်ဇာဇဟူသောသား နှစ်ယောက်ရှိ၏။ ဤသူအပေါင်းတို့သည်ယေရ မေလ၏သားမြေးများဖြစ်ကြသတည်း။
34 ရှေရှန်တွင်သားမရှိ၊ သမီးများသာရှိ၏။ သူ့မှာ ယာဟနာမည်တွင်သောအီဂျစ်အမျိုးသား အစေခံတစ်ယောက်ရှိ၏။-
35 သူသည်မိမိ၏သမီးတစ်ယောက်အားထိုကျွန် နှင့်ပေးစားရာ အတ္တဲနာမည်တွင်သောသားတစ် ယောက်ကိုရလေ၏။
36-38 အတ္တဲ၏သားမြေးအဆက်ဆက်မှာနာသန်၊ ဇာဗဒ်၊ ဧဖလလ၊ သြဗက်၊
39-41 ယေဟု၊ အာဇရိ၊- ဟေလက်၊ ဧလာသ၊ သိသမဲ၊ ရှလ္လုံ၊ ယေကမိနှင့်ဧလိရှမာတို့ဖြစ်ကြ၏။
42 ယေရမေလ၏ညီဖြစ်သူကာလက်၏သားဦး မှာမေရှဟုနာမည်တွင်၏။ မေရှ၏သားသည် ဇိဖ၊ ဇိဖ၏သားမှာမရေရှ၊ မရေရှ၏သား ကားဟေဗြုန်ဖြစ်၏။-
43 ဟေဗြုန်တွင်ကောရ၊ တာပွာ၊ ရေကင်နှင့် ရှေမဟူသောသားလေးယောက်ရှိ၏။-