39-41 ယေဟု၊ အာဇရိ၊- ဟေလက်၊ ဧလာသ၊ သိသမဲ၊ ရှလ္လုံ၊ ယေကမိနှင့်ဧလိရှမာတို့ဖြစ်ကြ၏။
42 ယေရမေလ၏ညီဖြစ်သူကာလက်၏သားဦး မှာမေရှဟုနာမည်တွင်၏။ မေရှ၏သားသည် ဇိဖ၊ ဇိဖ၏သားမှာမရေရှ၊ မရေရှ၏သား ကားဟေဗြုန်ဖြစ်၏။-
43 ဟေဗြုန်တွင်ကောရ၊ တာပွာ၊ ရေကင်နှင့် ရှေမဟူသောသားလေးယောက်ရှိ၏။-
44 ရှေမ၏သားသည်ရာဟံ၊ ရာဟံ၏သားမှာ ယော်ကောင်ဖြစ်၏။ ရှေမ၏ညီဖြစ်သူရေကင် ၏သားသည်ရှမ္မဲ၊-
45 ရှမ္မဲ၏သားမှာမောန၊ မောန၏သားကားဗက် ဇုရတည်း။
46 ကာလက်မှာဧဖာနာမည်တွင်သောမယား ငယ်တစ်ယောက်ရှိသေး၏။ ထိုမယားငယ်ဖြင့် သူသည်ဟာရန်၊ မောဇ၊ ဂါဇက်ဟူသောသား သုံးယောက်ကိုထပ်မံရရှိပြန်၏။ ဟာရန် တွင်ဂါဇက်ဟုပင်နာမည်တွင်သောသား တစ်ယောက်ရှိ၏။
47 (ယာဒဲနာမည်တွင်သောလူတစ်ယောက်တွင် ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ ဟူ၍သားခြောက်ယောက်ရှိ၏။)