၁ ရာ​ချုပ် 2:42-48 BCL

42 ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။-

43 ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။-

44 ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊-

45 ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။

46 ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။

47 (ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။)

48 ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။-