1 ဗိမာန်တော်အစောင့်တပ်သားများအား ခွဲခန့် သတ်မှတ်ပေးသည့်တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်၏။ ကောရဟိဆွေမျိုး စုတွင်အာသပ်၏အိမ်ထောင်စုမှကောရ၏ သားမေရှလေမိဆိုသူရှိ၏။-
2 သူ့မှာဇာခရိ၊ ယေဒျေလ၊ ဇေဗဒိ၊ ယာသနေလ၊-
3 ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။
4-5 ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
6-7 သြဗဒေဒုံ၏သားဦးရှေမာယတွင်စွမ်းရည် ကြီးမားသဖြင့် မိမိတို့ဆွေမျိုးစု၌အရေး ပါအရာရောက်သည့်သားများရှိလေသည်။ သူ တို့၏နာမည်များမှာသြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလာဇာဗဒ်၊ ဧလိဟုနှင့်သေမခိ ဟူ၍ဖြစ်၏။ နောက်ဆုံးဖော်ပြသူနှစ်ဦးမှာ အထူးပင်အစွမ်းအစကောင်းသူများ ဖြစ်ကြ၏။