19 ဤကားကောရ၏အိမ်ထောင်စုနှင့်မေရာရိ ၏အိမ်ထောင်စုတို့အားအစောင့်တာဝန်ခွဲခန့် သတ်မှတ်ပေးပုံဖြစ်သတည်း။
20 အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
21 ဂေရရှုံ၏သားလာဒန်သည်ယေဟေလိအိမ် ထောင်စုအပါအဝင် အိမ်ထောင်စုများ၏ဘိုး ဘေးဖြစ်၏။-
22 လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
23 အာမရံ၏သားမြေးများဖြစ်ကြသော ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ကိုလည်း အလုပ်တာဝန်ခံများခွဲခန့်သတ်မှတ်၍ ပေး၏။
24 မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-
25 သူသည်ဂေရရှုံ၏ညီ၊ ဧလျာဇာနှင့်ဆက်စပ် ၍ရှေလောမိတ်၏ဆွေမျိုးဖြစ်လာလေသည်။ ဧလျာဇာ၏သားသည်ရေဟဗိ၊ ရေဟဗိ၏ သားမှာယေရှာယ၊ ယေရှာယ၏သားကား ယောရံဖြစ်၏။ ယောရံ၏သားသည်ဇိခရိ ဖြစ်၍ဇိခရိ၏သားမှာရှေလောမိတ်ဖြစ် သတည်း။-