၁ ရာ​ချုပ် 26:20-26 BCL

20 အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-

21 ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။-

22 လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။

23 အာ​မ​ရံ​၏​သား​မြေး​များ​ဖြစ်​ကြ​သော ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ကို​လည်း အ​လုပ်​တာ​ဝန်​ခံ​များ​ခွဲ​ခန့်​သတ်​မှတ်​၍ ပေး​၏။

24 မော​ရှေ​၏​သား​ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ ရှေ​ဗွေ​လ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​၏​တာ​ဝန်​ခံ​အုပ် ချုပ်​ရေး​မှူး​ဖြစ်​၏။-

25 သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။-

26 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-