၁ ရာ​ချုပ် 26:29-32 BCL

29 ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

30 ဟေ​ဗြုန်​၏​သား​မြေး​တို့​အ​နက်​ဟာ​ရှ​ဘိ​နှင့် သူ​၏​ဆွေ​မျိုး​သား​ချင်း​တစ်​ထောင့်​ခု​နစ်​ရာ တို့​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး​နှင့်​မြို့​ပြ​ရေး ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို စီ​မံ​အုပ်​ချုပ်​ရန် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။ သူ​တို့​အား​လုံး ပင်​ထူး​ချွန်​သူ​များ​ဖြစ်​သ​တည်း။-

31 ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-

32 ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။