3 ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။
4-5 ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
6-7 သြဗဒေဒုံ၏သားဦးရှေမာယတွင်စွမ်းရည် ကြီးမားသဖြင့် မိမိတို့ဆွေမျိုးစု၌အရေး ပါအရာရောက်သည့်သားများရှိလေသည်။ သူ တို့၏နာမည်များမှာသြသနိ၊ ရေဖေလ၊ သြဗက်၊ ဧလာဇာဗဒ်၊ ဧလိဟုနှင့်သေမခိ ဟူ၍ဖြစ်၏။ နောက်ဆုံးဖော်ပြသူနှစ်ဦးမှာ အထူးပင်အစွမ်းအစကောင်းသူများ ဖြစ်ကြ၏။
8 သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။
9 မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။
10-11 မေရာရိ၏အိမ်ထောင်စု၌ ဟောသဆိုသူတစ် ဦးရှိ၏။ သူ့မှာရှိမရိ၊ ဟိလခိ၊ တေဗလိ၊ ဇာခရိဟူ၍သားလေးယောက်ရှိ၏။ (ထိုသူ တို့အနက်ရှိမရိသည်သားဦးမဟုတ်သော် လည်းသူ၏ဖခင်ကခန့်ထားသဖြင့်ခေါင်း ဆောင်ဖြစ်လေ၏။) ဟောသ၏အိမ်ထောင်စုမှ ဗိမာန်တော်တပ်သားစုစုပေါင်းတစ်ဆယ့် သုံးယောက်ရသတည်း။
12 ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-