၁ ရာ​ချုပ် 26:8-15 BCL

8 သြ​ဗ​ဒေ​ဒုံ​၏​အိမ်​ထောင်​စု​မှ​ဤ​အ​လုပ် တာ​ဝန်​အ​တွက် အ​ထူး​အ​ရည်​အ​ချင်း​နှင့် ပြည့်​စုံ​သူ​လူ​ခြောက်​ဆယ့်​နှစ်​ယောက်​ရ​ရှိ​၏။

9 မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။

10-11 မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။

12 ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။-

13 လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-

14 ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-

15 သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-