1 ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
2-15 တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။)ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။)တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။)စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။)ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။)နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။)ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)
23 ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
24 ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။