၁ ရာ​ချုပ် 29:19-25 BCL

19 ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။

20 ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

21 နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-

22 သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။-

23 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-

24 အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။-

25 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။