၁ ရာ​ချုပ် 3:1-3-9 BCL

1-3 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​မင်း​နန်း​စံ​စဉ်​အ​ခါ ရ​ရှိ​သော​သား​များ​ကား ကြီး​စဉ်​ငယ်​လိုက် အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​က​မွေး​သော သား​အာ​မ​နုန်၊က​ရ​မေ​လ​မြို့​သူ​အ​ဘိ​ဂဲ​လ​က​မွေး​သော သား​ဒံ​ယေ​လ၊ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ​၏​သ​မီး​မာ​ခါ​က မွေး​သော​သား​အ​ဗ​ရှ​လုံ၊ဟ္ဂိတ်​က​မွေး​သော​သား​အ​ဒေါ​နိ​ယ၊ အ​ဘိ တ​လ​က​မွေး​သော​သား​ရှေ​ဖ​တိ၊ဧ​ဂ​လ​မွေး​သော​သား​ဣ​သ​ရံ။

4 ဒါ​ဝိဒ်​မင်း​သည်​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ်​နှစ်​နှင့် ခြောက်​လ​နန်း​စံ​တော်​မူ​စဉ် ဤ​သား​ခြောက် ပါး​စ​လုံး​ကို​ရ​ရှိ​သ​တည်း။သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး နှစ်​နန်း​စံ​တော်​မူ​၍၊-

5 သား​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။အ​မျေ​လ​၏​သ​မီး​ဗာ​သ​ရှေ​ဘ​သည်​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်​နှင့်​ရှော​လ​မုန်​ဟူ​သော​သား တော်​လေး​ပါး​ကို​မွေး​ဖွား​၏။

6-8 ဒါ​ဝိဒ်​မင်း​တွင်​ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​ဟူ​၍​အ​ခြား​သား​တော်​ကိုး ပါး​ရှိ​၏။-

9 ဤ​သား​များ​အ​ပြင်​မောင်း​မ​တော်​များ​နှင့်​ရ​ရှိ သည့်​သား​များ​ရှိ​သေး​သည်။ သူ့​မှာ​တာ​မာ​နာ မည်​တွင်​သော​သ​မီး​တော်​တစ်​ပါး​လည်း​ရှိ​၏။