17-18 ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။