၁ ရာ​ချုပ် 6:66-74 BCL

66 ကော​ဟတ်​သား​ချင်း​စု​ထဲ​မှ​အ​ချို့​သော​အိမ် ထောင်​စု​တို့​သည် ဧ​ဖ​ရိမ်​နယ်​မှ​မြို့​များ​နှင့် မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။-

67-69 ထို​မြို့​များ​မှာ​ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​ပေါ် တွင်​တည်​ရှိ​လျက် အပြစ်​လွတ်​ငြိမ်း​ခွင့်​အ​တွက် ခို​လှုံ​ရာ​ဖြစ်​သော​ရှေ​ခင်​မြို့၊ ဂေ​ဇာ​မြို့၊ ယော က​မံ​မြို့၊ ဗက်​ဟော​ရုန်​မြို့၊ အာ​ဇ​လုန်​မြို့ နှင့်​ဂါ​သ​ရိမ္မုန်​မြို့​တို့​ဖြစ်​ကြ​၏။-

70 ထို​သူ​တို့​သည်​အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​မှ အ​နေ​ရ​မြို့၊ ဗိ​လံ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။

71 ဂေ​ရ​ရှုံ​သား​ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​တို့​သည် အ​ရှေ့​မ​နာ​ရှေ​နယ်၊ ဗာ​ရှန်​ပြည်​ရှိ၊ ဂေါ​လန်​မြို့၊ အာ​ရှ​တ​ရုတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ် ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊

72 ဣ​သာ​ခါ​နယ်​မှ​ကေ​ဒေ​ရှ​မြို့၊ ဒါ​ဗ​ရတ်​မြို့၊

73 ရာ​မုတ်​မြို့၊ အာ​နင်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊

74 အာ​ရှာ​နယ်​မှ​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန်​မြို့၊