၁ ရာ​ချုပ် 7:1-6 BCL

1 ဣ​သ​ခါ​တွင်​တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။

2 တော​လ​တွင်​သြ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​ဟူ​၍​သား​ခြောက်​ယောက်​ရှိ ၏။ ထို​သူ​တို့​သည်​တော​လ​သား​ချင်း​စု​၏ ဦး​စီး​ခေါင်း​ဆောင်​များ၊ ထင်​ပေါ်​ကျော်​စော သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား မြေး​ဦး​ရေ​သည်​ဒါ​ဝိဒ်​မင်း​၏​လက်​ထက်​၌ နှစ်​သောင်း​နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။

3 သြ​ဇိ​တွင်​ဣ​ဇ​ရ​ဟိ​ဟူ​သော​သား​တစ် ယောက်​ရှိ​၏။ ဣ​ဇ​ရ​ဟိ​နှင့်​သူ​၏​သား​များ ဖြစ်​ကြ​သော​မိက္ခေ​လ၊ သြ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ ဖြစ်​ကြ​၏။-

4 သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။

5 အ​စိုး​ရ​မှတ်​တမ်း​များ​အ​ရ​ဣ​သ​ခါ​၏​သား ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​ရှိ​သ​မျှ​တို့​တွင် စစ် မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ပေါင်း ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​၏။

6 င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။