၁ ရာ​ချုပ် 7:23-31 BCL

23 ထို​နောက်​သူ​သည်​မိ​မိ​၏​ဇနီး​နှင့်​ကိုယ်​လက် နှီး​နှော​ပြန်​သ​ဖြင့် ဇ​နီး​သည်​တွင်​ကိုယ်​ဝန် ရှိ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​အိမ်​ထောင်​သို့​ဆိုက်​ရောက် ခဲ့​သော​ဒုက္ခ​ကို​အ​ကြောင်း​ပြု​၍​ထို​သား အား​ဗေ​ရိ​ယ​ဟု​နာ​မည်​မှည့်​ကြ​၏။

24 ဧ​ဖ​ရိမ်​တွင်​ရှေ​ရ​နာ​မည်​တွင်​သော​သ​မီး တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး​သည် အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန် မြို့​နှင့်​သြ​ဇင်​ရှေ​ရ​မြို့​တို့​ကို​တည်​ထောင် သူ​ဖြစ်​၏။

25-27 ဧ​ဖ​ရိမ်​တွင်​ရေ​ဖ​ဟု​နာ​မည်​တွင်​သော သား​တစ်​ယောက်​ရှိ​၏။ သူ​၏​သား​မြေး​များ မှာ​ရေ​ရှပ်၊ တေ​လ၊ တာ​ဟန်၊ လာ​ဒန်၊ အ​မိ ဟုဒ်၊ ဧ​လိ​ရှ​မာ၊ နုန်၊ ယော​ရှု​တို့​ဖြစ်​ကြ​၏။

28 သူ​တို့​သိမ်း​ယူ​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ သည့်​နယ်​မြေ​တွင်​အ​ရှေ့​သို့​လား​သော်​နာ​ရန် မြို့​အ​ထိ၊ ထို​မြို့​နှင့်​ဗေ​သ​လ​မြို့​နှင့်​အ​နီး တစ်​ဝိုက်​ရှိ​မြို့​များ၊ အ​နောက်​သို့​လား​သော် ဂေ​ဇာ​မြို့​အ​ထိ၊ ထို​မြို့​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​မြို့​များ​ပါ​ဝင်​၏။ ရှေ​ခင်​မြို့၊ အာ​ရ​မြို့​နှင့် ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​လည်း ပါ​၏။

29 မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။

30 အာ​ရှာ​၏​သား​မြေး​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ အာ​ရှာ​တွင်​ယိ​မ​န၊ ဣ​ရွာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​ဟူ​သော​သား​လေး​ယောက် နှင့်​စေရ​ဟူ​သော​သ​မီး​တစ်​ယောက်​ရှိ​၏။

31 ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။)