၁ ရာ​ချုပ် 7:31-37 BCL

31 ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။)

32 ဟေ​ဗာ​တွင်​ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ​ဟူ သော​သား​သုံး​ယောက်​နှင့်​ရှု​အာ​ဟူ​သော သ​မီး​တစ်​ယောက်​ရှိ​၏။

33 ယာ​ဖ​လက်​တွင်​ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

34 ယာ​ဖ​လက်​၏​ညီ​ရှော​မာ​တွင်​ရော​ဂ၊ ယေ​ဟုဗ္ဗ၊ အာ​ရံ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

35 သူ​၏​ညီ​ငယ်​ဟော​သံ​တွင်​ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။

36 ဇော​ဖ​၏​သား​မြေး​များ​မှာ​သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊-

37 ဗေ​ဇာ၊ ဟော​ဒ၊ ရှမ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တို့ ဖြစ်​၏။