၁ ရာ​ချုပ် 7:6-12 BCL

6 င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။

7 ဗေ​လ​တွင်​ဧ​ဇ​ဗုန်၊ သြ​ဇိ၊ သြ​ဇေ​လ၊ ယေ​ရိ မုတ်၊ ဣ​ရိ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့ သည်​မိမိ​တို့​သား​ချင်း​စု​ထဲ​တွင်​အိမ်​ထောင် ဦး​စီး​များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား​မြေး​များ​ထဲ တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အချင်း​ပြည့်​သူ နှစ်​သောင်း​နှစ်​ထောင့်​သုံး​ဆယ့်​လေး​ယောက် ရှိ​၏။

8 ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။-

9 အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။

10 ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-

11 သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-

12 ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။