၂ ရာ​ချုပ် 18:1-5 BCL

1 ယော​ရှ​ဖတ်​မင်း​သည်​ချမ်း​သာ​ကြွယ်​ဝ​၍​ဂုဏ် သ​တင်း​ကျော်​စော​လာ​သော​အ​ခါ ဣ​သ​ရေ​လ ဘုရင်​အာ​ဟပ်​မင်း​နှင့်​အ​မျိုး​ဆက်​တော်​မူ​၏။-

2 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယော​ရှ​ဖတ် သည် အာ​ဟပ်​ထံ​လည်​ပတ်​ရန်​ရှ​မာ​ရိ​မြို့​သို့ ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​ယော​ရှ ဖတ်​နှင့်​တ​ကွ​သူ​နှင့်​လိုက်​ပါ​လာ​သူ​တို့​ကို ဂုဏ်​ပြု​ရန် သိုး​နွား​အ​မြောက်​အ​မြား​ကို​သတ် ၍​ဧည့်​ခံ​ပွဲ​ကျင်း​ပ​တော်​မူ​၏။ သူ​သည်​ယော ရှ​ဖတ်​အား​မိ​မိ​နှင့်​အ​တူ​ဂိ​လဒ်​ပြည်​ရာ မုတ်​မြို့​ကို​တိုက်​ခိုက်​ရန်​သွေး​ဆောင်​လေ​၏။-

3 သူ​က``အ​ဆွေ​တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက် ခိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ​လိုက်​မည်​လော'' ဟု မေး​၏။ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ ချိန်​၌​ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​တပ်​မ​တော်​သည်​လည်း​ထို​နည်း​တူ ပင်​ဖြစ်​ပါ​၏။ ကျွန်ုပ်​တို့​သည်​သင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြန်​ပြော​တော်​မူ​၏။-

4 ထို​နောက်​သူ​သည်​ဆက်​၍``သို့​ရာ​တွင်​ဤ ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး​စွာ​မေး မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။

5 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။