30 ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။
31 နာဒဒ်ဆောင်ရွက်ခဲ့သော အခြားအမှုအရာ အလုံးစုံကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
32 ယုဒဘုရင်အာသနှင့်ဣသရေလဘုရင် ဗာရှာတို့သည် မိမိတို့နန်းသက်တစ်လျှောက် လုံးစစ်ဖြစ်ကြလေသည်။
33 ယုဒဘုရင်အာသနန်းစံတတိယနှစ်၌၊ အဟိယ ၏သားဗာရှာသည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ် လာပြီးလျှင်၊ တိရဇမြို့တွင်နှစ်ဆယ့်လေးနှစ်နန်း စံတော်မူ၏။-
34 ယေရောဗောင်မင်းကဲ့သို့သူသည်ထာဝရဘုရား ကိုပြစ်မှား၍ ဣသရေလပြည်သူတို့အားအပြစ် ကူးစေရန်ရှေ့ဆောင်လမ်းပြလေသည်။