၂ ပေ 1:1-4 BJB

1 ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရား သခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။

2 ဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော။

3 ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။

4 ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။