ယောဘဝတ္တု။ 11:7-13 BJB

7 သင်သည် ဘုရားသခင်၏ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။

8 မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။

9 အတိုင်းအရှည်သည်မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။

10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။

11 ဘုရားသခင်သည် ဆိုးသောသူတို့၏သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသောဒုစရိုက်ကို သိမြင်တော်မူ၏။

12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။

13 သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊