ယောဘဝတ္တု။ 13:2-8 BJB

2 သင်တို့သိသမျှကိုငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။

3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။

4 သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။

5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။

6 ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးေနွးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။

7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။

8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။