ယောဘဝတ္တု။ 15:12-20 BJB

12 ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့်လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။

13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။

14 လူသည်အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။

15 ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။

16 သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကိုသောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သောလူသတ္တဝါ၌ အဘယ်ဆိုဘွယ်ရှိသနည်း။

17-19 ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသောအရာ၊ ငါ့ကိုယ်တိုင်မြင်သောအရာကို ငါပြသမည်။

20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။