ယောဘဝတ္တု။ 16:1-6 BJB

1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊

2 ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါပြုသော်လည်း၊ ပင်ပန်းစေသောသူဖြစ်ကြပါသည်တကား။

3 အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။

4 သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကိုပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။

5 ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။

6 ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။