ယောဘဝတ္တု။ 20:14-20 BJB

14 စားပြီးလျှင်သူ၏ ဝမ်းထဲမှာသဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။

15 သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။

16 သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။

17 အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။

18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။

19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သောအိမ်ကို လုယူသောကြောင့်၎င်း၊

20 လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိသော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။