ယောဘဝတ္တု။ 27:1-6 BJB

1 ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊

2 ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊

3 ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊

4 တခါမျှ အဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသောစကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။

5 သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ်သဘောေဖြာင့်သည်ကို သေသည်တိုင်အောင် မငြင်း။

6 ငါသည် တရားကိုအကျင့်ကို လက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။